Your cart is currently empty!

Stress တွေက အလုပ်လုပ်တဲ့အခါ Productive ပိုဖြစ်စေပြီး အလုပ်တွေပြီးအောင် တွန်းအားတခု ဖြစ်စေနိုင်ပေမယ့်၊ Stress အရမ်းများလာရင်တော့ စိတ်နဲ့ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။
🍃ဒါကြောင့် စိတ်ဖိစီးမှုတွေ ခံစားရတဲ့အခါ ဂရုတစိုက်နဲ့ စိတ်ကို Relax ပြန်လုပ်ပေးဖို့ လိုပါတယ်။ ဒီနေ့မှာ လွယ်လွယ်ကူကူနဲ့ စိတ်ဖိစီးမှုတွေ လျှော့ချနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးပါ့မယ်နော်💜
🔹ခဏလောက် အနားယူလိုက်ပါ။ အလုပ်တွေ၊ အတွေးတွေကို ခဏရပ်ပြီး စိတ်ရောကိုယ်ပါ ခဏ Relax လုပ်လိုက်ပါ။ အနားယူတဲ့နေရာမှာ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ လမ်းလျှောက်ထွက်တာတွေကတော့ စိတ်ဖိစီးမှုလျှော့ချတဲ့နေရာမှာ အများကြီး အထောက်အကူပြုနိုင်ပါတယ်။
🔹အကူအညီယူပါ။ တယောက်ထဲ အလုပ်တွေများလာပြီး စိတ်ဖိစီးလာရင် လုပ်ဖော်ကိုင်ဖက်နဲ့ မိတ်ဆွေတွေရဲ့ အကူအညီကိုယူကြည့်ပါ။ ယုံကြည်ရတဲ့သူတွေဆီမှာ ကိုယ့်အတွေးတွေနဲ့ စိတ်ဖိစီးနေရတဲ့ အကြောင်းအရာတွေကို ပြောပြပြီး တိုင်ပင်တာကလည်း အကူညီဖြစ်စေမှာပါ။
🔹Beauty Sleep Balm လေးကို သုံးပေးပါ။ Beauty Sleep Balm မှာပါတဲ့ Lavender Essential Oil နဲ့ Chamomile Essential Oil က စိတ်ဖိစီးမှုတွေကို အကောင်းဆုံး လျှော့ချပေးနိုင်တာမလို့ အလုပ်လုပ်ရင်း လက်ဖဝါးထဲထည့်ရှူပေးရင် ဖိစီးမှုတွေလျော့ကျစေပြီး အာရုံစုစည်းမှုပါ ကောင်းစေပါတယ်နော်💜
🔹Task သေးသေးလေးတွေ ခွဲပြီးစလုပ်ကြည့်ပါ။ လုပ်စရာတွေ ပုံပြီးများလာရင် Task သေးသေးလေးတွေခွဲပြီး လုပ်တာက စီမံခန့်ခွဲရလွယ်သလို၊ Productive ကိုလည်းပိုဖြစ်စေမှာပါ။
🔹ကိုယ့်ကိုယ်ကိုချီးကျူးပေးပါ။ ကိုယ့်ကိုယ်ကို အသိအမှတ်ပြု ချီးကျူးပေးတာက စိတ်အားပိုတက်လာစေသလို ကောင်းတဲ့ခံစားချက်ကို ဖြစ်စေတာကြောင့် Stress တွေကို လျော့ကျစေဖို့ အကူအညီဖြစ်စေပါတယ်။
ဒီနည်းလမ်းလေးတွေကတော့ စိတ်ဖိစီးမှုတွေကြုံရတိုင်း မြန်မြန်သက်သာစေဖို့ လွယ်လွယ်ကူကူ လိုက်လုပ်လို့ရမယ့် နည်းလမ်းလေးတွေပါနော်။
Beauty Sleep Balm လေးကတော့ ညဆို ကောင်းကောင်းအနားယူနိုင်အောင်ကူညီပေးမယ့်အပြင် အလုပ်လုပ်ချိန်မှာပါ Productive ဖြစ်ပြီး Stress တွေလျော့ကျအောင် ကူညီပေးနိုင်တာမလို့ အမြဲဆောင်ထားသင့်တဲ့ ရနံ့ကုထုံးလိမ်းဆေးလေးပါပဲ🥰💜
🗨️ Beauty Sleep Balm နဲ့ပက်သတ်ပြီး သိလိုတာလေးတွေရှိရင်လည်း Zen Garden ရဲ့ page messenger နဲ့ 09 7777 88540ကိုဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်ရှင့်။
Leave a Reply