Your cart is currently empty!

Stress တွေက အလုပ်လုပ်တဲ့အခါ Productive ပိုဖြစ်စေပြီး အလုပ်တွေပြီးအောင် တွန်းအားတခု ဖြစ်စေနိုင်ပေမယ့်၊ Stress အရမ်းများလာရင်တော့ စိတ်နဲ့ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။
ဒါကြောင့် စိတ်ဖိစီးမှုတွေ ခံစားရတဲ့အခါ ဂရုတစိုက်နဲ့ စိတ်ကို Relax ပြန်လုပ်ပေးဖို့ လိုပါတယ်။ ဒီနေ့မှာ လွယ်လွယ်ကူကူနဲ့ စိတ်ဖိစီးမှုတွေ လျှော့ချနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးပါ့မယ်နော်
ခဏလောက် အနားယူလိုက်ပါ။ အလုပ်တွေ၊ အတွေးတွေကို ခဏရပ်ပြီး စိတ်ရောကိုယ်ပါ ခဏ Relax လုပ်လိုက်ပါ။ အနားယူတဲ့နေရာမှာ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ လမ်းလျှောက်ထွက်တာတွေကတော့ စိတ်ဖိစီးမှုလျှော့ချတဲ့နေရာမှာ အများကြီး အထောက်အကူပြုနိုင်ပါတယ်။
အကူအညီယူပါ။ တယောက်ထဲ အလုပ်တွေများလာပြီး စိတ်ဖိစီးလာရင် လုပ်ဖော်ကိုင်ဖက်နဲ့ မိတ်ဆွေတွေရဲ့ အကူအညီကိုယူကြည့်ပါ။ ယုံကြည်ရတဲ့သူတွေဆီမှာ ကိုယ့်အတွေးတွေနဲ့ စိတ်ဖိစီးနေရတဲ့ အကြောင်းအရာတွေကို ပြောပြပြီး တိုင်ပင်တာကလည်း အကူညီဖြစ်စေမှာပါ။
Beauty Sleep Balm လေးကို သုံးပေးပါ။ Beauty Sleep Balm မှာပါတဲ့ Lavender Essential Oil နဲ့ Chamomile Essential Oil က စိတ်ဖိစီးမှုတွေကို အကောင်းဆုံး လျှော့ချပေးနိုင်တာမလို့ အလုပ်လုပ်ရင်း လက်ဖဝါးထဲထည့်ရှူပေးရင် ဖိစီးမှုတွေလျော့ကျစေပြီး အာရုံစုစည်းမှုပါ ကောင်းစေပါတယ်နော်
Task သေးသေးလေးတွေ ခွဲပြီးစလုပ်ကြည့်ပါ။ လုပ်စရာတွေ ပုံပြီးများလာရင် Task သေးသေးလေးတွေခွဲပြီး လုပ်တာက စီမံခန့်ခွဲရလွယ်သလို၊ Productive ကိုလည်းပိုဖြစ်စေမှာပါ။
ကိုယ့်ကိုယ်ကိုချီးကျူးပေးပါ။ ကိုယ့်ကိုယ်ကို အသိအမှတ်ပြု ချီးကျူးပေးတာက စိတ်အားပိုတက်လာစေသလို ကောင်းတဲ့ခံစားချက်ကို ဖြစ်စေတာကြောင့် Stress တွေကို လျော့ကျစေဖို့ အကူအညီဖြစ်စေပါတယ်။
ဒီနည်းလမ်းလေးတွေကတော့ စိတ်ဖိစီးမှုတွေကြုံရတိုင်း မြန်မြန်သက်သာစေဖို့ လွယ်လွယ်ကူကူ လိုက်လုပ်လို့ရမယ့် နည်းလမ်းလေးတွေပါနော်။
Beauty Sleep Balm လေးကတော့ ညဆို ကောင်းကောင်းအနားယူနိုင်အောင်ကူညီပေးမယ့်အပြင် အလုပ်လုပ်ချိန်မှာပါ Productive ဖြစ်ပြီး Stress တွေလျော့ကျအောင် ကူညီပေးနိုင်တာမလို့ အမြဲဆောင်ထားသင့်တဲ့ ရနံ့ကုထုံးလိမ်းဆေးလေးပါပဲ
Beauty Sleep Balm နဲ့ပက်သတ်ပြီး သိလိုတာလေးတွေရှိရင်လည်း Zen Garden ရဲ့ page messenger နဲ့ 09 7777 88540ကိုဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်ရှင့်။
Leave a Reply